အရှေ့ပိုးကရင်လူမျိုး သုံးစွဲပြောဆိုသော ဘာသာစကား၏ ဝါကျတည်ဆောက်ဖွဲ့စည်းပုံ

အရှင်ပညာသာမိ၏ “ မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံနှင့် စာပေ၊ စာမျက်နှာ ၉၇-၉၈၊ အခန်း (၄) အရှေ့ပိုးကရင်လူမျိုးတို့၏ စာပေအက္ခရာများ၊ ၄(က)။ ပိုးကရင်စာပေသမိုင်း” မှပြန်လည်ရေးသားဖော်ပြခြင်းဖြစ်သည်။ ကရင်လူမျိုးအတွင်း၌ မျိုးနွယ်စုများ များစွာရှိသည်။ ကရင်မျိုးနွယ်စုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း အမျိုးမျိုးခွဲခြားဖော်ပြမှုများ ရှိကြသည်။ သို့သော် ၁၉၆၅ ခုနှစ်၊ (၁၈) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် လမ်းစဥ်ပါတီ တိုင်းကြီးကြပ်ရေးကော်မတီ တိုင်းခွဲ (၁၀) ကော်သူးလေနယ်၁မှ တင်ပြသော “ တိုင်းရင်းသား ကရင်လူမျိုးများအကြောင်း” စာတမ်းတွင် ကရင်မျိုးနွယ်စုများကို (၁၁) မျိုး ခွဲခြားဖော်ပြသည်။ ၎င်းတို့မှာ စကောကရင်၊ ပိုးကရင်၊ ပကူးကရင်၊ ဘွဲကရင်၊ မော်နေပွာ ခေါ်သော ပကူးကရင်အနွယ်ဝင်၊ သလယ်ပွာဟုခေါ်သော ပကူးအနွယ်ဝင်၊ ကယ်ခိုဟုခေါ်သော ပကူးအနွယ်၊ … Continue reading အရှေ့ပိုးကရင်လူမျိုး သုံးစွဲပြောဆိုသော ဘာသာစကား၏ ဝါကျတည်ဆောက်ဖွဲ့စည်းပုံ